Sunday 9 October 2011

မောနေယျအတွေးများ

အင်း...ငါမရှိလို့ မဖြစ်ဘူး...လို့ 
သင်တွေးနေမိပြီလား?
 
သင်္ချိုင်းကို တစ်ခေါက်လောက်
သွားကြည့်လိုက်ပါ..
 
ကိုယ့်နည်းကိုယ့်ဟန်နဲ့ လောကကို 
အလှဆင်သွားသူတွေ 
အနားယူနေတာ တွေ့လိမ့်မယ်..။
မောနေယျ 
၉-၁၀-၁၁

Wednesday 14 September 2011

......ကြားထဲမှာ

မလေးနက်တဲ့ သူတွေကြားမှာ
လေးနက်ရမယ်။
မရိုးသားတဲ့ အ၀န်းဝိုင်းတခုမှာ
ရိုးသားရမယ်။
မယဉ်ကျေးတဲ့ သူတွေ ကြားမှာ
... ယဉ်ကျေးသိမ်မွေ့ရမယ်။
အကြောက်တရားနဲ့ ရှင်သန်နေတဲ့ ရပ်ဝန်းမှာ
ရဲရင့်မှု ရှိရမယ်။
.....တွေ ကြားမှာ
........တွေ ကြားမှာ
............
..............
.................ကြားမှာ
..................တွေ ရှိဖို့လိုတယ်။
တန်ပြန်နိယာမတခုမှာ
အရင်ရောက်သော သူများ နောက်ကျတတ်၍
နောက်ကျသောသူများ
အရင်ရောက်တတ်ပါသည်။
ကိုသစ်

Sunday 28 August 2011

ဘုန်းကြီးကျောင်း

ဘုန်းကြီးကျောင်းဟူသည်..
ဗုဒ္ဓဘာသာဝင် အားလုံးတို့၏
ကုသိုလ်ပြုရာ ဆိပ်ကမ်းသာဖြစ်၏။
ကလေးများအတွက်
ဘာသာယဉ်ကျေးမှု ပျိုးခင်းဖြစ်သည်၊
ပျော်ရွှင်မြူးတူးရာ ကစားကွင်းဖြစ်သည်။
မိမိတို့ရင်သွေးများ လိမ်မာယဉ်ကျေးဖို့အတွက်
ရွာဦးကျောင်းသည် မီးပြတိုက်ပင်ဖြစ်သည်။

အရှင်မဟောသဓပဏ္ဍိတ

Monday 15 August 2011

(((((((သတိပြုဖို့ပါ))))))

ကိုယ်ထမင်း၀၀ စားနေရတဲ့အခိုက်မှာ
ဟင်းမကောင်းဘူး မငြီးပါနဲ့
အစာ၀၀ မစားရတဲ့သူတွေကို သနားပါ။
ကိုယ်ရေ၀၀ သောက်နေရတဲ့အခိုက်မှာ
ရေမသန့်ဘူး မငြီးပါနဲ့
ရေငတ်နေသူတွေကို စာနာပါ။
ကိုယ်အထက်တန်းကျကျနေရတဲ့အခိုက်မှာ
အိမ်မကောင်းဘူးမငြီးပါနဲ့
နေစရာအိမ်မရှိတဲ့သူတွေကို သနားပါ။
ကိုယ်ခေတ်မီမီဝတ်စားနေနိုင်တဲ့အခိုက်မှာ
ကွာလတီညံ့တယ် မငြီးပါနဲ့
အ၀တ်မပြည့်စုံတဲ့သူတွေကို မြင်ယောင်ကြည့်ပါ။
ကိုယ်မိသားစုနဲ့ နေရတဲ့အခိုက်မှာ
တာဝန်တွေ လေးတယ်မပြောပါနဲ့
မိသားစုမရှိသူတွေရဲ့ဘ၀ကို နှိုင်းယှဉ်ကြည့်ပါ။
ကိုယ်ပညာတတ်တဲ့အခိုက်မှာ
ပညာမဲ့သူတွေ အပေါ် မမောက်မာပါနဲ့။။
ပညာသင်ခွင့်မရသူတွေကို စာနာနားလည်ပေးပါ။
ကိုယ်ကြီးပွါးချမ်းသာနေတဲ့ အခိုက်မှာ
ဆင်းရဲဒုက္ခရောက်နေသူတွေကို မျက်ကွယ်မပြုပါနဲ့။
...........ပါနဲ့
............မငြီးပါနဲ့
..............မပြောပါနဲ့
..............စာနာ နားလည်ပေးပါ။
ကိုယ်အထက်ကရောက်တဲ့အခိုက်မှာ
ကိုယ့်အောက်ကလူတွေကို
မနှိပ်စက် မညှင်းဆဲပါနဲ့
ကိုယ်အောက်ကနေခဲ့ရတဲ့ဘ၀ကို ကိုယ်ချင်းစာကြည့်ပါ။


xxxxမှတ်ချက်---- ဆရာလုပ်တာမဟုတ်ပါဘူးခင်များ---တခါတလေ ကိုယ်တို့တတွေက ရှော်တော် ငေါ့တတ်လို့ပါ.(တွေးမိတာလေးတွေပါ)


ကိုသစ်

Saturday 13 August 2011

အဓိဌာန်

ကိုယ်တည်းတစ်ယောက် ဆင်းရဲရောက်လို့ 
ကိုယ့်နောက်အများ ချမ်းသာပွါးမူ
 
တစ်ပါးဖြစ်ထွေ ဆင်းရဲစေတော့။
 
စိတ်နေခုလို ဝမ်းဝယ်သို၍
 
 ထိုထိုအလုပ် လွန်ကြိုးကုတ်သော်
 
မဟုတ်သတင်း လုပ်ဇာတ်ခင်းလျက်
 
ချင်းချင်းရွဲ့သံ ကဲ့ရဲ့သံကို
 
နာခံမငြီး ပြည်လုံးဟည်းမျှ
 
ဝေးနီးအနှံ့ ပျံ့အောင်ဖြန့်လည်း
 
မခံ့တခံ့ ခံ့တခံ့နှင့် 

ကြံ့ကြံ့ပုံသေ ခံခဲ့ပေ၏။
တောင်မြု.ိဆရာတော် 
(တဘ၀သံသရာ)

Wednesday 10 August 2011

အာရုံဆွမ်း မစားဘဲ ပြန်ကြွခဲ့သည့်ဆရာတော်

       
 တစ်ခါကမန္တလေးမြို့စာသင်တိုက်ြ   ကီးတစ်တိုက်မှ ဆရာတော်ဘုရားကြီးကို ကျောင်းဒကာ    လည်းဖြစ် ၊ ဆွမ်းဒကာလည်းဖြစ်တဲ့ ဒကာတစ်ဦးက သူ့သမီးအိမ်ထောင်ကျလို့ မင်္ဂလာဦးဆွမ်း   ကျွေးကြွဖို့ ပင့်လျှောက်ပါတယ်။ဆရာတော်ဘုရာြး​ကီးကလည်း အလွန်ရင်းနှီးတဲ့ကျောင်းဒကာ   ဆွမ်းဒကာက ပင့်တာဆိုတော့ မင်္ဂလာဦးဆွမ်းကျွေးကို လက်ခံခဲ့ပြီး ပင့်လျှောက်တဲ့ရက်ရောက်   တဲ့အခါနောက်ပါသံဃာလေးပါးနှင့်အတူ မညည်းမညူဘဲ မင်္ဂလာဦးဆွမ်းကျွေးပွဲကို ကြွရောက်   ခဲ့ပါတယ် ။             ဆွမ်းစားက နံနက်အာရုံတက် မင်္ဂလာဦးဆွမ်းစားပါ ။ အာရုံဆွမ်းဆိုတော့ ဆရာတော်   ဘုရားကြီးက အာရုံမတက်ခင်ကတည်းက ခပ်စောစောလေး ကြွရောက်ခဲ့ပါတယ် ။ မင်္ဂလာဦး   ဆွမ်းစားကို ခပ်စောစောလေးကြွရောက်ခဲ့ရတဲ့ ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်ကတော့   မင်္ဂလာဦးအာရုံဆွမ်းစားဆိုတာ တစ်ခြား အာရုံဆွမ်းစားတွေနဲ့မတူပါဘူး ။ တစ်ခြား အာရုံဆွမ်း   စားတွေက ဆရာတော်တွေ ဆွမ်းဘုဉ်းပေးပြီးတာနဲ့ လာရောက် တရားနာတဲ့ ပရိတ်သတ်တွေ ကို   တစ်ခါတည်း ဧည့်ခံကျွေးမွေးလိုက်ရင် ပြီးတာပါပဲ ။ မင်္ဂလာဦးဆွမ်းကျွေးပွဲကျတော့ အဲလို   မဟုတ်တော့ပဲ နေ့ခင်းပိုင်းမှာ လူတွေကို တစ်သီးတစ်ခြား ဧည့်ခံကျွေးမွေးရပါတယ် ။ အဲဒါ ကြောင့်   မင်္ဂလာဦးဆွမ်းကျွေးပွဲကို ဆရာတော်ဘုရားကြီးက အချိန်ပေးပြီး ခပ်စောစောလေး ကြွ   ရောက်ခဲ့တာပါ ။            ဆရာတော်ဘုရားကြီးက ဆွမ်းဘုဉ်းမပေးခင် တရားအရင်နာကြမယ်လို့ ပြောပါတယ် ။   ဆရာတော်ဘုရားရဲ့စကားကြောင့် တရားနာကြမယ့် ပရိသတ်တွေကလည်း လက်အုပ်ကလေး   တွေချီပြီး သြကာသကန်တော့ကျိုးဆိုဖို့ ဟန်ပြင်နေတုန်း ဆရာတော်ဘုရားကြီးက “ တရားနာ   ရအောင် မင်္ဂလာဦးဆွမ်းကျွေးမယ့် သတို့သားရော ခေါ်လိုက်ဦးလေ “ လို့ ပြောပါတယ် ။    

Monday 8 August 2011

ညီလေးဖတ်ဖို.

                                                                  
ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား။

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။

                                                                 ကိုသစ် (ကေတုမတီဆောင်)

ညီမလေးအတွက် မှာတမ်း


ညီမလေးရေ…
ရိုးသားမှုတွေအနာတရဖြစ်တဲ့အခါ
ကိုယ့်ဝတ်ရုံကိုယ် ဘာနဲ့မှ
အပေးအယူလုပ်မပစ်နဲ.နော် ညီမ။
အရေးအကြောင်းနဲ့ဆို
သက်လုံကောင်းစေ..
သွားရမဲ့ခရီးက အဝေးကြီးကျန်သေးတယ် မဟုတ်လား။
ကိုယ့်ရိက္ခာကိုယ် ထမ်းလို့
ကိုယ့်လမ်းကို သွားကြတဲ့အခါ
ကိုယ်ယုံကြည်ရာတွေကိုလည်း
လွှတ်ချမပစ်နဲ့ပေါ့..
တိတ်ဆိတ်ငြိမ်သက်ခြင်းတွေရဲ့ နောက်ကွယ်မှာ
လမိုက်ညတွေက
အပေါင်းဖော်နဲ့ ရောက်လာတတ်သေးတယ်လေ..
ကုသိုလ်ကံဖေးမလို့
နည်းပေးလမ်းပြလုပ်တဲ့အခါ
လူ့ယဉ်ကျေးပီသပါစေ ညီမလေး..
မတူညီတဲ့ နိယာမတွေနဲ့ မိတ်ဆွေဖွဲ့မယ်ဆို
ကိုယ်ကိုယ့်ကို ဆန်းစစ်ဖို့လည်း မမေ့နဲ့ပေါ့
ညီမလေးက အရိုးခံလေး မဟုတ်လား။
အဆင်မပြေမှုတွေနဲ့ ပေါင်းသင်းရတဲ့အခါ
ကိုယ့်အသက်ကို ကာကွယ်ဖို့
စည်းအထပ်ထပ်ချထားဖို့လဲ လိုလိမ့်မယ်။

ပြီးတော့..
အနိမ့်အမြင့် ၀င်္ကန္တတွေနဲ့ကြုံတဲ့အခါ
မြောက်ဝင်ရိုးစွန်းမှာနေတဲ့
ပိုလာဝက်ဝံလေးတွေလို
ကိုယ့်သွေးကိုလည်း မသောက်မိစေနဲ့နော် ညီမ။
လူဆိုတာ သေတနေ့ မွေးတနေ့
တနေ့ပြန်တွေ့ကြဦးမယ်လို့
အကိုကြီး မမျှော်လင့်ရဲပါဘူး
ညီမလေးကို မချစ်လို့ ပြောတာ မဟုတ်ဘူးနော်။
နောင်မျိုးဆက်သစ်တွေ
ညီမလေးအကြောင်း ဖတ်တဲ့အခါ
ဒါမှ ဒို့အမေကွလို့ ဂုဏ်ယူကြပါစေ..


ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်သွား
အကိုကြီးအတွက် ဘာမှ နောက်ဆံတင်းမနေနဲ့
အကိုကြီး ထမင်းချက်တတ်တယ်….


ကိုသစ် (သီတဂူ)

Sunday 7 August 2011

ယခင် ဓမ္မစကူးလ်နှင့် ယခု ဆန်းဒေးစကူးလ်





                       
From Pictures



``ဣတိပိသော ဘဂ၀ါ ´´ ``သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ´´ (ဘုရားရှိခိုး)


``လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊ မမှီဝဲနှင့် ကင်းအောင်နေ´´ (မင်္ဂလသုတ်)


``အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ ကိုက်ဝါးကိုမျို၊ ကညာယူထား သက်ကြားဖိုးအို၊ မယားဆဲ အမြဲအော်ငေါက်သကို´´(ကောသလအိပ်မက်) မိမိတို့ ကျောင်းသားပေါက်စအရွယ်က ညနေ ၇-နာရီ ဘုရားဝတ်တက်အပြီးမှာ ရွာဦးကျောင်း ဘုန်းကြီးကို ၀တ်ဖြည့်ပေးရင်း ဘုန်းကြီးက အထက်ပါအတိုင်း စာတို ပေစများ၊ ကဗျာများ နှုတ်တိုက် ချပေးသည်ကို မိမိတို့ကျောင်းသား ကိုရင်များက အလွတ်လိုက်ဆိုခဲ့ရပါသည်။ တခါတရံ အဖွဲ့လိုက်၊ တခါတရံ တစ်ယောက်ချင်း ဆိုရ၏။ ပြီးမှ ဘုန်းကြီးက ဆိုင်ရာဆိုင်ရာ အဓိပ္ပါယ်များကို ကလေးများ သဘောပေါက်အောင် ရှင်းပြ၏။ ရှေးဟောင်း နှောင်းဖြစ်များ၊ ငါးရာ့ငါးဆယ် လာ ဖြစ်တော်စဉ်များ၊ ရိုးရာပုံပြင်များကိုလည်း စိတ်ဝင်စားမှုရှိအောင် ပြောပြ၏။ အချိန်ကား ၁-နာရီ/ ၁-နာရီကျော် ၀န်းကျင်လောက် ကြာမြင့်ပေသည်။ ဤသည်ကား တစ်ညတာ မဟုတ်၊ အလုပ်မရှုတ်လျှင် ညစဉ်ညတိုင်းတည်း။ ထို့ကြောင့် ရွာဦးကျောင်းက ညဉ့်ဦးယာမ်သည် မိမိတို့ ကျောင်းသား ကိုရင်လေးများအတွက် ယနေ့ခေတ်အနေနှင့် ပြောရလျှင် ``ဓမ္မစကူးလ်´´ (Dhamma School) ပင် ဖြစ်ပေတော့သည်။



ရွာဦးကျောင်းက ဓမ္မစကူးလ်မှာ သင်ယူခဲ့သည့် ဗုဒ္ဓ၀င်ဆိုင်ရာ အခြေခံစာတိုပေစများက စာပေကို တတ်ချင်၊ ပညာကိုလိုချင်သည့် စိတ်များ ဖြစ်ပေါ်အောင် နှိုးဆော်ပေးဟန်တူလေ၏။ စာဖတ်ဝါသနာပါသည့် ဖခမည်းတော်ကြီးက လည်း မင်းကွန်းဆရာတော်၏ မဟာဗုဒ္ဓ၀င်စာအုပ်ထဲက ဆရာတော်၏ ဓာတ်ပုံနှင့် ဘွဲ့ထူးဂုဏ်ထူးများကို ဖတ်ပြပြီး မိမိကို ပြောပြ၏။ ထို့ကြောင့်ထင်၏။ ၁၀-နှစ်သားအရွယ်မှာ ရှင်သာမဏေ၀တ်ပြီး ၁၃-နှစ်အရွယ်မှာ စာပေများ သင်ကြားဖို့အတွက် မုံရွာမြို့ ဇောတိကစာသင်တိုက်ကြီးသို့ ပျော်ပျော်ပါးပါးပင် သွားခဲ့လေသည်။

စာသင်တိုက်ကြီးဆီသို့ မယောင်မလည်

စာသင်တိုက်ကြီးသို့ရောက်ပြီးသည့်နောက်၌ သဒ္ဒါကြီးစာအုပ်၊ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်တို့ကို ကိုင်ဆောင်ပြီး အလွတ် ကျက်မှတ်ရလေသည်။ ထိုသို့ကျက်မှတ်ရင်း အဘိဓမ္မတ္ထသင်္ဂဟစာအုပ်မျက်နှာဖုံးမှာ ရေးသားထားသည့် ``သီဟိုဠ်ကျွန်း အရှင် အနုရုဒ္ဓါမထေရ် စီစဉ်ရေးသားအပ်သော အဘိဓမ္မတ္ထသင်္ဂဟ``ဟူသော စာကိုတွေ့မိသောအခါ ``မိမိတို့နယ်မြို့လေးမှ မုံရွာကို သွားသည့် ကတ္တရာလမ်းလေးကိုပင် အာရှတိုက်၏ အကြီးဆုံးလမ်းမကြီး´´ဟု ထင်ခဲ့သော မိမိသည် ``သီဟိုဠ် ကျွန်းဆိုတာ ဘယ်မှာလဲ၊ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟု မယောင်မလည်နှင့် ၀ိုးတ၀ါး တွေဝေ စဉ်းစားမိခဲ့သည်။ ယင်းသို့စဉ်းစားမိရင်းနှင့်ပင် စာသင်တိုက်မျိုးစုံသို့ သွားရောက်၍ ပရိယတ္တိ စာပေများကို သင်ယူခဲ့သည်။ ထို့နောက် သူ့အရွယ်နှင့်သူ သတ်မှတ်ထားသည့် စာမေးပွဲမျိုးစုံကို ကြိုးစားပြီး ၀င်ရောက်ဖြေဆိုခဲ့ရင်း အသက် ၂၇-နှစ်သို့ ချဉ်းနင်းရောက်ရှိခဲ့လေသည်။ ``သာမဏေကျော်၊ ဓမ္မာစရိယ၊ သကျသီဟ´´ဟူသော ဘွဲ့များကို လည်း ရရှိခဲ့ပါသည်။

အသက် ၂၇-နှစ်သို့ရောက်သောအခါ ထိုက်သလောက် လေ့လာထားသည့် ဗဟုသုတ၊ ရင်ဆိုင်ကျော်လွှားခဲ့သည့် အတွေ့အကြုံ၊ အရာရာကို စူးစမ်းတတ်သည့် အတွေးအခေါ်များ သူ့ အရွယ်နှင့်သူ ရင့်ကျက်လာပြီဖြစ်သည်အား လျော်စွာ`` သီဟိုဠ်ကျွန်းဆိုတာ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟူသော ၀ိုးတ၀ါး အတွေးများ စုန်းစုန်း မြုပ် နိဂုံးချုပ်သွားခဲ့လေပြီ။

အတွေးသစ်တို့မွေးဖွား

အတွေးဟောင်းများ ဆွေးမြေ့သည့်အခါ အတွေးသစ်များ သန္ဓေတည်လာရမြဲဖြစ်ရကား ``ဒီပနီကျမ်းပေါင်းများ စွာကို ပြုတော်မူခဲ့ပြီး နွားသားမစားရေးကို တိုက်တွန်းလှုံ့ဆော်ခဲ့သော ကမ္ဘာကျော် လယ်တီဆရာတော်(D.Litt)၊ သီဟိုဠ်ဖြစ် ဋီကာကျမ်းတစ်ဆောင်၏ အမှားကို ရဲရဲဝံ့ဝံ့ထောက်ပြ သည့် ပရမတ္ထဒီပနီဟုခေါ်တွင်သည့် မြန်မာပြည်ဖြစ် ဋီကာကျမ်း၊ သူနာပြုအလုပ်ကို လုပ်ရင်း သာသနာပြုခဲ့သည့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်သေဋ္ဌိလ၊ သိရီလင်္ကာနိုင်ငံ သမိုင်း၏ ခေတ်တက္ကသိုလ် ကျောင်းသားအဖြစ် ပထမဆုံး ပေါ်ထွက်လာသည့် ရဟန်းတစ်ပါးဟု တနိုင်ငံလုံး ဟိုးဟိုး ကျော်သွားခဲ့ သော ဒေါက်တာ ၀ါလ်ပိုလာရာဟုလာ၊ နယ်ချဲ့တို့ပေါက်ဖွားရာ ဥရောပ၊ နေမ၀င်အင်ပါရာဟု လက်မ ထောင် ခဲ့သည့် အင်္ဂလန်၊ သင်ယူချင်သည့် အတတ်ပညာများကို သင်ယူနိုင်သည့် အောက်စဖို့ဒ် တက္ကသိုလ်၊ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တည်ရှိရာ အမေရိကန်၊ ပညာရှင်အမြောက်အမြား ထုတ်လုပ်နေသည့် ဟားဗတ်တက္ကသိုလ်၊ အဏုမြူဖခင် သိပ္ပံပညာရှင် အိုင်းစတိုင်း၊ ကျွန်စနစ်ကိုဖျက်သိမ်းသည့် သမ္မတ လင်ကွန်း၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးအတွက် အသက်ကိုပင် စတေးခဲ့သည့် ဂန္ဓီ၊ သန်းပေါင်း များစွာသော အိန္ဒိယနိုင်ငံသားများကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စည်းရုံးနိုင်ခဲသည့် ဒေါက်တာ အမ်ဘေဒကာ´´စသည့် ပုဂ္ဂိုလ်ထူး၊ ဂန္ထ၀င်စာပေ၊ ကမ္ဘာကျော်တက္ကသိုလ်၊ နိုင်ငံတကာ သမိုင်းဝင် ဖြစ်စဉ်များနှင့်အတူ B.A M.A Ph.D စသော ဘွဲ့ဒီဂရီများကို ခွဲခြမ်းစိတ်ဖြာသည့် အတွေးများသည် ရင်မှာ မသိမသာ ခိုအောင်းမိလေပြီ။

Sunday 17 July 2011

ရွှေရောင်မျိုးဆက်သစ်

   Sunday Children Buddhist Centres  
  Kyauk Se, Myitthar, Natogyi
                                        0991032634   092210152
ရွှေရောင်မျိုးဆက်သစ် Children Buddhist Centres များသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို.နယ် အင်းကုန်းစံပြကျေးရွာ မြစ်သားမြို. နှင့် နွားထိုးကြီးမြို.များတွင် တည်ရှိပါသည်။  မစိုးရိမ် -အ့ရှင်ဗုဒ္ဓပီယ (သာသနဓဇဓမ္မာစရိယ) B.A (Eng;)ဆရာတော် ဦးဆောင်၍္စ ဤ Children Buddhist Centres များကို ၂၀၁၁-နွေရာသီတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤတနင်္ဂနွေကျောင်းများတွင် တနင်္ဂနွေနေ့တိုင်း (၀ါတွင်းအဖိတ်နေ့တိုင်း) ကျောင်းသာဦးရေ (၁၀၀၀)ကျော်ခန့် ပုံမှန်တက်ရောက်ကြသည်။ လောလောဆယ် ပထမတန်း မှ အဋ္ဌမတန်း အထိ လက်ခံထားပါသည်။ မစိုးရိမ်-အရှင်ဗုဒ္ဓပီယ ဦးဆောင်သော ဗုဒ္ဓစာပေနှင့်   ခေတ်ပညာတက်ရဟန်းတော်များမှ ကျောင်းသား ကျောင်း သူလေးများကို သီလခံယူဆာက်တည်စေခြင်း၊ ဘုရားရှိခိုးခြင်း၊တရားထိုင်ခြင်းများကို ပုံမှန်လေ့ကျင့်ပေးပြီး ဗုဒ္ဓအဆုံးအမ များကို စိတ်ဝင်စားဖွယ် သင်ခန်းစာ များကို ဖြန့်ဝေ၍ သင်ကြားပေးပါသည်။ အင်္ဂလိပ် စကားပြောသင်ခန်း စာများကိုလည်း ခေတ်မှီူသင်ထောက် ကူပစ္စည်းများဖြင့် ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးပါသည်။
       ဤတနင်္ဂနွေ ကျောင်သား-ကျောင်းသားသူများကို ရဟန်းတော်များသည် ဆူ-ငါက်-ကြိမ်းမောင်း၍  မအုပ်ချုပ်။ မေတ္တာဖြင့် ချိုသာစွာ စည်းရုံး၍ အုပ်ချုပ်သင်ကြားပေးရသည်။ ထုကြာင့် ကလေးများသည်  တနင်္ဂနွေနေ့များတိုင်း ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ တက်ရောက်လာကြသည်။ 
       ရွှေရောင်မျိုးဆက်သစ် တနင်္ဂနွေကျောင်းများတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ Every Child must be clever and bright ကလေးတိုင်း ယဉ်ကျေးလိမ္မာ၍ ထူးချွန်ထက်မြက်လာစေရန် ဖြစ်သည်။လက်ရှိ မျိုးဆက် သစ်ကလေးများသည် အနာဂါတ်နိုင်ငံတော်ကို ဦးဆောင်သည့်အခါ ယဉ်ကျေးလိမ္မာ၍ ရိုးသားဖြောင့်မတ်ရန် လည်း လိုအပ်သည်။ ယဉ်ကျေးလိမ္မာ ရိုးသားဖြောင့်မတ်နေရုံ နှင့် မလုံလောက်။ တိုင်းပြည်တိုးတက်ရေးအ တွက် ထူးထူးချွန်ချွန် ထက်ထက်မြတ်မြတ် လုပ်ဆောင်နိုင်စွမ်းအား ရှိဘို့လည်း လိုအပ်သည်။
            ရိုးသားဖြောင့်မတ်သော စိတ်ဓာတ် အရည်အသွေး နှင့် ထူးချွန်ထက်မြတ်သော လုပ်ရပ်  အရည် အသွေးတို့ ပြည့်စုံသော အနာဂါတ် ရွှေမြန်မာ များမွေးထုတ်ပေးရန် ဤကျောင်းကို တည်ထောင်ဖွင့်လှစ် ပါသည်။ ရိုးသားဖြေင့်မတ်စေရန် ဗုဒ္ဓအဆုံးအမများကို သင်ကြားလေ့ကျင့်ပေးပြီး ထူးချွန်ထက်မြတ်လာစေ  ရန် အင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာ၊အင်တာနက်များကို သင်ကြားပေးရခြင်းဖြစ်ပါသည်။ ဤတနင်္ဂနွေ   ကျောင်းများ ပေါ်ပေါက်လာရခြင်းမှာ ၂၀၁၀-ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်-မှော်ဘီ)၏ သံဃာ့သြ၀ါဒခံယူ  ပွဲတွင်  ကလေးများအတွက် ဦးတည်၍ စဉ်းစားသော အစည်းအဝေး မှ Ideas များကို အခြေခံပြီး ပေါ်ပေါက်  လာရခြင်းဖြစ်ပါသည်။ ကိုယ်လုပ်ဆောင်နိုင်မည့် ၀န်းကျင်မြို့ရွာများကို ဦးဆောင်၍ ဤတနင်္ဂနွေကျောင်းများ  ကို ဖွင့်လှစ်ပါက လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယူဆကာ မစိုရိမ်-အရှင်ဗုဒ္ဓပီယသည် ဤ Sunday Children Buddhist Centres များကို မြန်မြန်ဆန်ဆန် အကောင်ထည်ဖော်လိုက်ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ မြို.တိုင်းတွင် စွမ်းဆောင်နိုင်မည့်ဆရာတော် လူပုဂ္ဂိုလ်နှင့် အဖွဲ.အစည်းများက ဦးဆောင်ကာ ဤလို တနင်္ဂနွေကျောင်းများကို ဖွင့်လှစ်ပေးနိုင်မည်ဆိုပါက မျိုးဆက်သစ်လေးများ ရတနာသုံးပါးနှင့် ရင်းနှီးကာ ကိုယ်ကျင့်တရား ကောင်းမွန်၍ ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ နိုင်ငံနှင့်အ၀ှမ်း ဆယ်စုနှစ်အတွင်း ပေါ်ပေါက်လာနိုင်မည် ဖြစ်ပါသည်။
မစိုးရိမ်-အရှင်ဗုဒ္ဓပီယ သီတင်းသုံးနေထိုင်သော ကျောက်ဆည်မြို.နယ် အင်းကုန်းစံပြကျေးရွာ   အေးငြိမ်းချမ်းသာဓမ္မရိပ်ငြိမ် ကို ကလေးများအတွက် Sunday Children Buddhist Centres အဖြစ်
အပတ်စဉ် ဖွင့်လှစ်ပေးပါသည်။ 
ကျောင်းသား ကျောင်းသူ (၄၅၀ ) ခန်. တက်ရောက် သင်ကြားလျှက်ရှိပါသည်။ မစိုးရိမ်- အရှင်ဗုဒ္ဓပီယ နှင့် ဦးပဏ္ဍိတ (သာသနတက္ကသီလမဟာဓမ္မာစရိယ၊ B.A ,M.A) တို. ဦးဆောင်၍ျူဗုဒ္ဓဓမ္မနှင့် အင်္ဂလိပ်စကားပြော များကို သင်ကြားပေးလျှက် ရှိပါသည်။ ဆရာ ဆရာမများမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြပါသည်။ 
မစိုးရိမ်-အရှင်ဗုဒ္ဓပိယသည် သူ၏ဇာတိမြို.ဖြစ်သော နွားထိုးကြီးမြို.တွင်လည်း မြို.လည်တိုက်တစ်လုံးကို ငှား၍ ဤ တနင်္ဂနွေကျောင်းကို ဖွင့်လှစ်ထားပါသည်။ ဤကျောင်းတွင် ကျောင်းသားကျောင်းသူ (၁၀၀) ခန်. အပတ် စဉ် တက်ရောက်၍ ဗုဒ္ဓအဆုံးအမများ ကွန်ပျူတာနှင့် အင်္ဂလိပ်စကားပြောကို သင်ယူလျှက် ရှိပါသည်။
ကလေးများ ဖတ်နိုင်သော ရွှေရောင်မျိုးဆက်သစ် စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ပေးထားပါသည်။ မစိုးရိမ် အရှင်ဗုဒ္ဓပိယ ဦးဆောင်၍ မြစ်သားမြို.တွင်လည်း ဤတနင်္ဂနွေကျောင်းကို ဖွင့်လှစ်ထားပါသည်။ မြစ်သားမြို. တွင် နေရာသီးသန်.မရှိသေးပါ။ မြို.လည် ရွှေမုဌော ဓမ္မာရုံတွင် ကျောင်းအဖြစ် ဖွင့်လှစ်ကာ သင်ကြားပေးပါ သည်။ မြစ်သားမြို.တွင် အပတ်စဉ် ကျောင်းသားကျောင်းသူ (၇၀၀) ခန်. တက်ရောက်ကြပါသည်။ ၄င်း မြို.တွင် ဗုဒ္ဓဓမ္မများကိုသာ သင်ကြားပေးနိုင်ပါသေးသည်။ ]ဤ မြစ်သားကျောင်းတွင် မစိုးရိမ် အရှင်ဗုဒ္ဓပိယ ၏ အေးငြိမ်းချမ်းသာ အဖွဲ.သားများမှ ကလေးများကို ကြီးကြပ် စောင့်ရှောက်ပေးပါသည်။ 
ဤတနင်္ဂနွေကျောင်းများ ဖွင့်လှစ် သင်ကြားရာတွင် အခက်ခဲပေါင်းများစွာ ကြုံတွေ.ရပါသည်။ အဓိက အခက်ခဲမှာ ကျူရှင်များ ဖြစ်ပါသည်။ တနင်္ဂနွေနေ.တွင် တချို. ကျူရှင်များက မပိတ်ပါ။ ကျူရှင်ကို ဦးစားပေး တက်ရောက်ရသောကြောင့် တချို.ကလေးများ ပုံမှန် မတက်ေ၇ာက်နိုင်ကြပါ။ ကျူရှင်ချိန်များနှင့် တိုက်ဆိုင်  နေ၍ လုံးဝ မတက်ရောက်နိုင်သော ကျောင်းသားကျောင်းသူ မြောက်များစွာ ရှိပါသည်။ 
ကလေးများ ဤ တနင်္ဂနွေကျောင်းကို တစ်ပတ် တစ်ခါ ပုံမှန် ပျော်ပျော် ရွှင်ရွှင် တက်တက် ကြွကြွ တက်ရောက်နိုင်ဘို. စည်းရုံးရတာလဲ ခက်ခဲပါသည်။ ကလေးများကို စည်းကမ်းများနဲ. ချုပ်ကိုင်လို.မရ။ စာမေးပွဲနှင့် ခြိမ်းခြောက်လို.မရ။ ဘာနဲ.မှ ခြိမ်းခြောက်လို.မရ။ ကျောင်းတက်ဘို. ဘာနဲ.မှ အမိန်.ပေးလို. မရ။ ပုံမှန်တက်ရောက် အလေ့အကျင့်ကို နှစ်ချီ၍ မွေးမြူရမည် ထင်ပါသည်။ 
ထို.ကြောင့် ဆုပေးစနစ်ကို ကျင့်သုံး၍ ကျောင်းပုံမှန် တက်ရောက်နိုင်ရန် စည်းရုံးရပါသည်။   ရွှေရောင်မျိုးဆက်သစ် လက်ဆောင်ဆုများ ကံစမ်းမဲများဖြင့် စည်းရုံးနေပါသည်။ ယခုဆိုလျှင် မစိုးရိမ် အရှင် ဗုဒ္ဓပီယ၏ အပတ်စဉ် ရွှေရောင်မျိုးဆက်သစ် ကျောင်းသားကျောင်းသူ ဦးရေ တစ်ထောင်ခန်. တက်ရောက်   နေပီ ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူ ဦးရေ မလျော့ရေး ပို၍ တိုးလာရေးတို.ကို ကျိုးစားဆောင်ရွက် လျှက် ရှိပါသည်။
ဆက်လက်၍ ဤတနင်္ဂနွေကျောင်းများကို ကျောင်းသားကျောင်းသူလေးများ အထင်ကြီးအားကိုး၍ တက်ရောက် လာကြစေရန် စိတ်ဝင်စားဖွယ် ဗုဒ္ဓဓမ္မ ပြဌာန်းစာအုပ်များ ရေးသားထုတ်ဝေခြင်း ခေတ်မှီ နည်းပညာများဖြင့် အင်္ဂလိပ်စာ ၊ အင်္ဂလိပ်စကားပြောများကို အဆင့်မီ သင်ကြားပေးခြင်း ကွန်ပျူတာ လုံးရေ များများဖြင့် ကွန်ပျူတာ ပညာကို ထိထိရောက်ရောက် သင်ကြားပေးခြင်း စသော ဆောင်ရွက်ချက်များသာ မက ကလေးများအတွက် လွတ်လပ်ပျော်ရွှင်စရာကောင်းသော သီးသန်. Children Centre များကို ကိုယ်ပိုင်   ဆောက်လုပ်နိုင်ရန်အထိ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ရွှေရောင်မျိုးဆက်သစ်ဆရာတော် 
မစိုးရိမ် - အရှင်ဗုဒ္ဓပီယ
အေးငြိမ်းချမ်းသာ ဓမ္မရိပ်ငြိမ်
အင်းကုန်းစံပြကျေးရွာ ကျောက်ဆည်မြို.နယ်