Showing posts with label ဘာသာရေး အသိပေး. Show all posts
Showing posts with label ဘာသာရေး အသိပေး. Show all posts

Wednesday, 10 August 2011

အာရုံဆွမ်း မစားဘဲ ပြန်ကြွခဲ့သည့်ဆရာတော်

       
 တစ်ခါကမန္တလေးမြို့စာသင်တိုက်ြ   ကီးတစ်တိုက်မှ ဆရာတော်ဘုရားကြီးကို ကျောင်းဒကာ    လည်းဖြစ် ၊ ဆွမ်းဒကာလည်းဖြစ်တဲ့ ဒကာတစ်ဦးက သူ့သမီးအိမ်ထောင်ကျလို့ မင်္ဂလာဦးဆွမ်း   ကျွေးကြွဖို့ ပင့်လျှောက်ပါတယ်။ဆရာတော်ဘုရာြး​ကီးကလည်း အလွန်ရင်းနှီးတဲ့ကျောင်းဒကာ   ဆွမ်းဒကာက ပင့်တာဆိုတော့ မင်္ဂလာဦးဆွမ်းကျွေးကို လက်ခံခဲ့ပြီး ပင့်လျှောက်တဲ့ရက်ရောက်   တဲ့အခါနောက်ပါသံဃာလေးပါးနှင့်အတူ မညည်းမညူဘဲ မင်္ဂလာဦးဆွမ်းကျွေးပွဲကို ကြွရောက်   ခဲ့ပါတယ် ။             ဆွမ်းစားက နံနက်အာရုံတက် မင်္ဂလာဦးဆွမ်းစားပါ ။ အာရုံဆွမ်းဆိုတော့ ဆရာတော်   ဘုရားကြီးက အာရုံမတက်ခင်ကတည်းက ခပ်စောစောလေး ကြွရောက်ခဲ့ပါတယ် ။ မင်္ဂလာဦး   ဆွမ်းစားကို ခပ်စောစောလေးကြွရောက်ခဲ့ရတဲ့ ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်ကတော့   မင်္ဂလာဦးအာရုံဆွမ်းစားဆိုတာ တစ်ခြား အာရုံဆွမ်းစားတွေနဲ့မတူပါဘူး ။ တစ်ခြား အာရုံဆွမ်း   စားတွေက ဆရာတော်တွေ ဆွမ်းဘုဉ်းပေးပြီးတာနဲ့ လာရောက် တရားနာတဲ့ ပရိတ်သတ်တွေ ကို   တစ်ခါတည်း ဧည့်ခံကျွေးမွေးလိုက်ရင် ပြီးတာပါပဲ ။ မင်္ဂလာဦးဆွမ်းကျွေးပွဲကျတော့ အဲလို   မဟုတ်တော့ပဲ နေ့ခင်းပိုင်းမှာ လူတွေကို တစ်သီးတစ်ခြား ဧည့်ခံကျွေးမွေးရပါတယ် ။ အဲဒါ ကြောင့်   မင်္ဂလာဦးဆွမ်းကျွေးပွဲကို ဆရာတော်ဘုရားကြီးက အချိန်ပေးပြီး ခပ်စောစောလေး ကြွ   ရောက်ခဲ့တာပါ ။            ဆရာတော်ဘုရားကြီးက ဆွမ်းဘုဉ်းမပေးခင် တရားအရင်နာကြမယ်လို့ ပြောပါတယ် ။   ဆရာတော်ဘုရားရဲ့စကားကြောင့် တရားနာကြမယ့် ပရိသတ်တွေကလည်း လက်အုပ်ကလေး   တွေချီပြီး သြကာသကန်တော့ကျိုးဆိုဖို့ ဟန်ပြင်နေတုန်း ဆရာတော်ဘုရားကြီးက “ တရားနာ   ရအောင် မင်္ဂလာဦးဆွမ်းကျွေးမယ့် သတို့သားရော ခေါ်လိုက်ဦးလေ “ လို့ ပြောပါတယ် ။