တစ်ခါကမန္တလေးမြို့စာသင်တိုက်ြ ကီးတစ်တိုက်မှ ဆရာတော်ဘုရားကြီးကို ကျောင်းဒကာ လည်းဖြစ် ၊ ဆွမ်းဒကာလည်းဖြစ်တဲ့ ဒကာတစ်ဦးက သူ့သမီးအိမ်ထောင်ကျလို့ မင်္ဂလာဦးဆွမ်း ကျွေးကြွဖို့ ပင့်လျှောက်ပါတယ်။ဆရာတော်ဘုရာြး ကီးကလည်း အလွန်ရင်းနှီးတဲ့ကျောင်းဒကာ ဆွမ်းဒကာက ပင့်တာဆိုတော့ မင်္ဂလာဦးဆွမ်းကျွေးကို လက်ခံခဲ့ပြီး ပင့်လျှောက်တဲ့ရက်ရောက် တဲ့အခါနောက်ပါသံဃာလေးပါးနှင့်အတူ မညည်းမညူဘဲ မင်္ဂလာဦးဆွမ်းကျွေးပွဲကို ကြွရောက် ခဲ့ပါတယ် ။ ဆွမ်းစားက နံနက်အာရုံတက် မင်္ဂလာဦးဆွမ်းစားပါ ။ အာရုံဆွမ်းဆိုတော့ ဆရာတော် ဘုရားကြီးက အာရုံမတက်ခင်ကတည်းက ခပ်စောစောလေး ကြွရောက်ခဲ့ပါတယ် ။ မင်္ဂလာဦး ဆွမ်းစားကို ခပ်စောစောလေးကြွရောက်ခဲ့ရတဲ့ ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်ကတော့ မင်္ဂလာဦးအာရုံဆွမ်းစားဆိုတာ တစ်ခြား အာရုံဆွမ်းစားတွေနဲ့မတူပါဘူး ။ တစ်ခြား အာရုံဆွမ်း စားတွေက ဆရာတော်တွေ ဆွမ်းဘုဉ်းပေးပြီးတာနဲ့ လာရောက် တရားနာတဲ့ ပရိတ်သတ်တွေ ကို တစ်ခါတည်း ဧည့်ခံကျွေးမွေးလိုက်ရင် ပြီးတာပါပဲ ။ မင်္ဂလာဦးဆွမ်းကျွေးပွဲကျတော့ အဲလို မဟုတ်တော့ပဲ နေ့ခင်းပိုင်းမှာ လူတွေကို တစ်သီးတစ်ခြား ဧည့်ခံကျွေးမွေးရပါတယ် ။ အဲဒါ ကြောင့် မင်္ဂလာဦးဆွမ်းကျွေးပွဲကို ဆရာတော်ဘုရားကြီးက အချိန်ပေးပြီး ခပ်စောစောလေး ကြွ ရောက်ခဲ့တာပါ ။ ဆရာတော်ဘုရားကြီးက ဆွမ်းဘုဉ်းမပေးခင် တရားအရင်နာကြမယ်လို့ ပြောပါတယ် ။ ဆရာတော်ဘုရားရဲ့စကားကြောင့် တရားနာကြမယ့် ပရိသတ်တွေကလည်း လက်အုပ်ကလေး တွေချီပြီး သြကာသကန်တော့ကျိုးဆိုဖို့ ဟန်ပြင်နေတုန်း ဆရာတော်ဘုရားကြီးက “ တရားနာ ရအောင် မင်္ဂလာဦးဆွမ်းကျွေးမယ့် သတို့သားရော ခေါ်လိုက်ဦးလေ “ လို့ ပြောပါတယ် ။
ဆရာတော်ဘုရားကြီးရဲ့စကားကြောင့်  တရားနာလာရောက်ကြတဲ့ ပရိသတ်တွေလည်း ဘာပြန်လျှောက်လို့ လျှောက်ရမှန်းမသိဘဲ ဖြစ်သွားကြပါတယ် ။ ဘုရားဒကာ ၊ ကျောင်းဒကာ ဆိုသူကလည်း ဆွမ်းစားပင့်လျှောက်စဉ်ကတည်းက ဆရာတော်ဘုရားကြီးကို သတို့သားနှင့် ပတ်သက်ပြီး ဘာမှ အကြောင်းစုံ မလျှောက်ထားတဲ့အတွက် အခုလို ဆရာတော်ဘုရားကြီးက သတို့သားကို တရားနာဖို့ ခေါ်ခိုင်းတာ ဖြစ်ပါတယ် ။ သတို့သမီးကလည်း မျက်စိပျက် ၊ မျက်နှာပျက်ဖြစ်နေသလို သတို့သမီးမိဘတွေဖြစ်တဲ့ ကျောင်းဒကာ ၊ ဆွမ်းဒကာတွေလည်း အနေရ အထိုင်ရခက်နေရပြီး တိတ်ဆိတ်ငြိမ်သက်နေ ကြပါတယ် ။ အဲဒီအချိန်မှာ အသက်ကြီးကြီး ဒကာကြီးတစ်ယောက်က - “ ဆရာတော်ဘုရား ၊ ဒီကလေးမရဲ့ မိုက်ပြစ်များကို သည်းခံခွင့်လွှတ်ပေးပါဘုရား ။ တပည့်တော်များအနေနဲ့ လျှောက်လည်းလျှောက်ချင်ပါတယ် ။ ဒါပေမယ့် မလျှောက်လည်း မလျှောက်ရဲပါဘုရား “ “ အေး…..တို့များကလည်း ဒကာတော်တို့လျှောက်မှ သိမှာကွဲ့ ၊ မလျှောက်ရင် ဘယ် သိပါ့မလဲ ၊ လျှောက်စရာရှိတာကို ရဲရဲဝံ့ဝံ့သာ လျှောက်ပါကွဲ့ “ “ ဆရာတော်က လျှောက်ဆိုလို့သာ လျှောက်ရမှာပါဘုရား ၊ တစ်ခြားတော့ မဟုတ်ပါ ဘူး ၊ ဒီကလေးမယူထားတဲ့ အမျိုးသားက ဗုဒ္ဓဘာသာမြန်မာလူမျိုးမဟုတ်တဲ့အ တွက် မင်္ဂလာ ဦးဆွမ်းကပ်တဲ့အခါ တရားမနာနိုင်ဘူးလို့ ပြောနေပါတယ် ။ ဒီ မင်္ဂလာဦးဆွမ်းကျွေးတာတောင် မှ သတို့သားဘက်က အကုန်ခံတာ မဟုတ်ဘူး ။ သတို့သမီးမိဘတွေက အကုန်အကျခံပြီး ဆွမ်းကပ်တာ ၊ တပည့်တော်များကလည်း ဆွမ်းကပ်မယ့် ကုန်ကျစားရိတ်ကို ဒီဘက်ကပဲ အကုန်အကျခံပါ့မယ် ၊ ဒါပေမယ့် တရားလေးတော့ နာပေးပါလို့ပြောတာတောင် မနာနိုင်ဘူးတဲ့ ဘုရား ၊ဒါကြောင့်မို့ ဒီမင်္ဂလာဦးဆွမ်းကျွေးပွဲမှာ သတို့သမီးတစ်ယောက်တည်း တရားနာမှာပါ “ ဒကာတော်ရဲ့ စကားသံအဆုံးမှာ ဆရာတော်ဘုရားကြီးဟာ ချက်ချင်းပဲ မျက်နှာ မကောင်းဖြစ်သွားပါတယ် ။ ပြီးတော့လေသံမာမာနဲ့ - “ အေး…..မင်းတို့ကောင်တွေက တယ်လည်းညံ့သကိုး ၊ ကိုယ့်သတ်မယ့်ကြိုးကွင်း လည်ပင်းလာစွပ်တာတောင်မှ လှတယ်ထင်ပြီး အပျော်ကျူးပြီး ကနေကြတယ် ။ တို့ကတော့ တို့ဘာသာ ၊ တို့လူမျိုးအတွက် အဆိပ်ပင်ဖြစ်မယ့် ဒီဆွမ်းမျိုး မဘုဉ်းပေးနိုင်ဘူး ။ မင်းတို့ကပ် တဲ့ ဆွမ်း မစားရလို့ အသက်သေမယ်ဆိုရင်တောင် တို့မစားဘူး ၊ လာပြန်ကြစို့ “ ဆိုပြီးနောက် ပါသံဃာလေးပါးကိုခေါ်ပြီး ဆွမ်းမစားဘဲ ပြန်ကြွသွားခဲ့ပါတယ် ။ ဆရာတော်ဘုရားကြီးရဲ့ အမျိုးသားရေးစိတ်ဓာတ်ဟာ နှုတ်ဖျား ပွင့်အန်မထွက်လာ ပေမယ့် သူ့ရဲ့ ဆွမ်းဒကာအပေါ်မှာ ပြုမူသွားတဲ့ လုပ်ဆောင်ချက်က အမျိုးသားရေးစိတ်ဓာတ် ဘယ်လောက်အထိ ပြင်းထန်သလည်းဆိုတာ သက်သေပြလို့နေပါတယ် ။ ဒီနေရာမှာ အချို့ ဆရာတော်ကြီးတွေသာဆိုရင် ကိုယ်မကြိုက်တဲ့ အပြုအမူမျိုးဖြစ်နေဦးတော့ ဆွမ်းဒကာတွေရဲ့ သဒ္ဒါတရားကိုငဲ့ကွက်ပြီး မင်္ဂလာဦးဆွမ်းကိုတော့ ဘုဉ်းပေးခဲ့မှာ သေချာပါတယ် ။ အခုတော့ ဆရာတော်ဘုရားကြီးဟာ အမျိုးသားရေးစိတ်ဓာတ်နဲ့ပတ်သက်လာရင် ဆွမ်းဒကာ ၊ ကျောင်းဒကာဆိုတဲ့ ကျေးဇူးတရားကို လျစ်လျူရှုခဲ့ပါတယ် ။ ရှေးတုန်းကဆရာ တော်ဘုရားကြီးတွေဟာ သူတို့ရဲ့ သီလ ၊ သမာဓိ ၊ ပညာကို ဘယ်တော့မှ ထိခိုက်ညှိုးနွမ်း အောင် မလုပ်သလို သူတစ်ပါးတွေ ထိခိုက်နစ်နာမယ့် အရေးကိစ္စမှန်သမျှကိုလည်း ဘယ်တော့မှ မပြောဘူး ၊ မကြံဘူး ၊ မလုပ်ဆောင်ကြပါဘူး ။ ဒါပေမယ့် အမျိုးသားရေးနဲ့ပတ်သက်လာရင် သွေးအေးအေးမနေကြပဲ ပြောဆိုဆုံးမ သွန်သင်ကြလေ့ရှိပါတယ် ။ တကယ်လို့ မတတ်သာလို့ ခပ်ခွာခွာနေရတဲ့ အနေအထားမျိုးမှာ ဆိုရင်လည်း များစွာမှ စိတ်မကောင်း ဖြစ်တော်မူကြပါတယ် ။
ဆရာတော်ဘုရားကြီးရဲ့စကားကြောင်
ရှင်ပညောဘာသ ( ဖိုးပညော - သပိတ်ကျင်း ) ဒို့အမျိုးဒို့ဘာသာမကွယ်ပျောက်ေ စဖို့
ဖေ့ဘွတ်က ဆွဲလာတယ်..။
No comments:
Post a Comment