Sunday 17 July 2011

ရွှေရောင်မျိုးဆက်သစ်

   Sunday Children Buddhist Centres  
  Kyauk Se, Myitthar, Natogyi
                                        0991032634   092210152
ရွှေရောင်မျိုးဆက်သစ် Children Buddhist Centres များသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို.နယ် အင်းကုန်းစံပြကျေးရွာ မြစ်သားမြို. နှင့် နွားထိုးကြီးမြို.များတွင် တည်ရှိပါသည်။  မစိုးရိမ် -အ့ရှင်ဗုဒ္ဓပီယ (သာသနဓဇဓမ္မာစရိယ) B.A (Eng;)ဆရာတော် ဦးဆောင်၍္စ ဤ Children Buddhist Centres များကို ၂၀၁၁-နွေရာသီတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤတနင်္ဂနွေကျောင်းများတွင် တနင်္ဂနွေနေ့တိုင်း (၀ါတွင်းအဖိတ်နေ့တိုင်း) ကျောင်းသာဦးရေ (၁၀၀၀)ကျော်ခန့် ပုံမှန်တက်ရောက်ကြသည်။ လောလောဆယ် ပထမတန်း မှ အဋ္ဌမတန်း အထိ လက်ခံထားပါသည်။ မစိုးရိမ်-အရှင်ဗုဒ္ဓပီယ ဦးဆောင်သော ဗုဒ္ဓစာပေနှင့်   ခေတ်ပညာတက်ရဟန်းတော်များမှ ကျောင်းသား ကျောင်း သူလေးများကို သီလခံယူဆာက်တည်စေခြင်း၊ ဘုရားရှိခိုးခြင်း၊တရားထိုင်ခြင်းများကို ပုံမှန်လေ့ကျင့်ပေးပြီး ဗုဒ္ဓအဆုံးအမ များကို စိတ်ဝင်စားဖွယ် သင်ခန်းစာ များကို ဖြန့်ဝေ၍ သင်ကြားပေးပါသည်။ အင်္ဂလိပ် စကားပြောသင်ခန်း စာများကိုလည်း ခေတ်မှီူသင်ထောက် ကူပစ္စည်းများဖြင့် ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးပါသည်။
       ဤတနင်္ဂနွေ ကျောင်သား-ကျောင်းသားသူများကို ရဟန်းတော်များသည် ဆူ-ငါက်-ကြိမ်းမောင်း၍  မအုပ်ချုပ်။ မေတ္တာဖြင့် ချိုသာစွာ စည်းရုံး၍ အုပ်ချုပ်သင်ကြားပေးရသည်။ ထုကြာင့် ကလေးများသည်  တနင်္ဂနွေနေ့များတိုင်း ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ တက်ရောက်လာကြသည်။ 
       ရွှေရောင်မျိုးဆက်သစ် တနင်္ဂနွေကျောင်းများတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ Every Child must be clever and bright ကလေးတိုင်း ယဉ်ကျေးလိမ္မာ၍ ထူးချွန်ထက်မြက်လာစေရန် ဖြစ်သည်။လက်ရှိ မျိုးဆက် သစ်ကလေးများသည် အနာဂါတ်နိုင်ငံတော်ကို ဦးဆောင်သည့်အခါ ယဉ်ကျေးလိမ္မာ၍ ရိုးသားဖြောင့်မတ်ရန် လည်း လိုအပ်သည်။ ယဉ်ကျေးလိမ္မာ ရိုးသားဖြောင့်မတ်နေရုံ နှင့် မလုံလောက်။ တိုင်းပြည်တိုးတက်ရေးအ တွက် ထူးထူးချွန်ချွန် ထက်ထက်မြတ်မြတ် လုပ်ဆောင်နိုင်စွမ်းအား ရှိဘို့လည်း လိုအပ်သည်။
            ရိုးသားဖြောင့်မတ်သော စိတ်ဓာတ် အရည်အသွေး နှင့် ထူးချွန်ထက်မြတ်သော လုပ်ရပ်  အရည် အသွေးတို့ ပြည့်စုံသော အနာဂါတ် ရွှေမြန်မာ များမွေးထုတ်ပေးရန် ဤကျောင်းကို တည်ထောင်ဖွင့်လှစ် ပါသည်။ ရိုးသားဖြေင့်မတ်စေရန် ဗုဒ္ဓအဆုံးအမများကို သင်ကြားလေ့ကျင့်ပေးပြီး ထူးချွန်ထက်မြတ်လာစေ  ရန် အင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာ၊အင်တာနက်များကို သင်ကြားပေးရခြင်းဖြစ်ပါသည်။ ဤတနင်္ဂနွေ   ကျောင်းများ ပေါ်ပေါက်လာရခြင်းမှာ ၂၀၁၀-ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်-မှော်ဘီ)၏ သံဃာ့သြ၀ါဒခံယူ  ပွဲတွင်  ကလေးများအတွက် ဦးတည်၍ စဉ်းစားသော အစည်းအဝေး မှ Ideas များကို အခြေခံပြီး ပေါ်ပေါက်  လာရခြင်းဖြစ်ပါသည်။ ကိုယ်လုပ်ဆောင်နိုင်မည့် ၀န်းကျင်မြို့ရွာများကို ဦးဆောင်၍ ဤတနင်္ဂနွေကျောင်းများ  ကို ဖွင့်လှစ်ပါက လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယူဆကာ မစိုရိမ်-အရှင်ဗုဒ္ဓပီယသည် ဤ Sunday Children Buddhist Centres များကို မြန်မြန်ဆန်ဆန် အကောင်ထည်ဖော်လိုက်ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ မြို.တိုင်းတွင် စွမ်းဆောင်နိုင်မည့်ဆရာတော် လူပုဂ္ဂိုလ်နှင့် အဖွဲ.အစည်းများက ဦးဆောင်ကာ ဤလို တနင်္ဂနွေကျောင်းများကို ဖွင့်လှစ်ပေးနိုင်မည်ဆိုပါက မျိုးဆက်သစ်လေးများ ရတနာသုံးပါးနှင့် ရင်းနှီးကာ ကိုယ်ကျင့်တရား ကောင်းမွန်၍ ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ နိုင်ငံနှင့်အ၀ှမ်း ဆယ်စုနှစ်အတွင်း ပေါ်ပေါက်လာနိုင်မည် ဖြစ်ပါသည်။
မစိုးရိမ်-အရှင်ဗုဒ္ဓပီယ သီတင်းသုံးနေထိုင်သော ကျောက်ဆည်မြို.နယ် အင်းကုန်းစံပြကျေးရွာ   အေးငြိမ်းချမ်းသာဓမ္မရိပ်ငြိမ် ကို ကလေးများအတွက် Sunday Children Buddhist Centres အဖြစ်
အပတ်စဉ် ဖွင့်လှစ်ပေးပါသည်။ 
ကျောင်းသား ကျောင်းသူ (၄၅၀ ) ခန်. တက်ရောက် သင်ကြားလျှက်ရှိပါသည်။ မစိုးရိမ်- အရှင်ဗုဒ္ဓပီယ နှင့် ဦးပဏ္ဍိတ (သာသနတက္ကသီလမဟာဓမ္မာစရိယ၊ B.A ,M.A) တို. ဦးဆောင်၍ျူဗုဒ္ဓဓမ္မနှင့် အင်္ဂလိပ်စကားပြော များကို သင်ကြားပေးလျှက် ရှိပါသည်။ ဆရာ ဆရာမများမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြပါသည်။ 
မစိုးရိမ်-အရှင်ဗုဒ္ဓပိယသည် သူ၏ဇာတိမြို.ဖြစ်သော နွားထိုးကြီးမြို.တွင်လည်း မြို.လည်တိုက်တစ်လုံးကို ငှား၍ ဤ တနင်္ဂနွေကျောင်းကို ဖွင့်လှစ်ထားပါသည်။ ဤကျောင်းတွင် ကျောင်းသားကျောင်းသူ (၁၀၀) ခန်. အပတ် စဉ် တက်ရောက်၍ ဗုဒ္ဓအဆုံးအမများ ကွန်ပျူတာနှင့် အင်္ဂလိပ်စကားပြောကို သင်ယူလျှက် ရှိပါသည်။
ကလေးများ ဖတ်နိုင်သော ရွှေရောင်မျိုးဆက်သစ် စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ပေးထားပါသည်။ မစိုးရိမ် အရှင်ဗုဒ္ဓပိယ ဦးဆောင်၍ မြစ်သားမြို.တွင်လည်း ဤတနင်္ဂနွေကျောင်းကို ဖွင့်လှစ်ထားပါသည်။ မြစ်သားမြို. တွင် နေရာသီးသန်.မရှိသေးပါ။ မြို.လည် ရွှေမုဌော ဓမ္မာရုံတွင် ကျောင်းအဖြစ် ဖွင့်လှစ်ကာ သင်ကြားပေးပါ သည်။ မြစ်သားမြို.တွင် အပတ်စဉ် ကျောင်းသားကျောင်းသူ (၇၀၀) ခန်. တက်ရောက်ကြပါသည်။ ၄င်း မြို.တွင် ဗုဒ္ဓဓမ္မများကိုသာ သင်ကြားပေးနိုင်ပါသေးသည်။ ]ဤ မြစ်သားကျောင်းတွင် မစိုးရိမ် အရှင်ဗုဒ္ဓပိယ ၏ အေးငြိမ်းချမ်းသာ အဖွဲ.သားများမှ ကလေးများကို ကြီးကြပ် စောင့်ရှောက်ပေးပါသည်။ 
ဤတနင်္ဂနွေကျောင်းများ ဖွင့်လှစ် သင်ကြားရာတွင် အခက်ခဲပေါင်းများစွာ ကြုံတွေ.ရပါသည်။ အဓိက အခက်ခဲမှာ ကျူရှင်များ ဖြစ်ပါသည်။ တနင်္ဂနွေနေ.တွင် တချို. ကျူရှင်များက မပိတ်ပါ။ ကျူရှင်ကို ဦးစားပေး တက်ရောက်ရသောကြောင့် တချို.ကလေးများ ပုံမှန် မတက်ေ၇ာက်နိုင်ကြပါ။ ကျူရှင်ချိန်များနှင့် တိုက်ဆိုင်  နေ၍ လုံးဝ မတက်ရောက်နိုင်သော ကျောင်းသားကျောင်းသူ မြောက်များစွာ ရှိပါသည်။ 
ကလေးများ ဤ တနင်္ဂနွေကျောင်းကို တစ်ပတ် တစ်ခါ ပုံမှန် ပျော်ပျော် ရွှင်ရွှင် တက်တက် ကြွကြွ တက်ရောက်နိုင်ဘို. စည်းရုံးရတာလဲ ခက်ခဲပါသည်။ ကလေးများကို စည်းကမ်းများနဲ. ချုပ်ကိုင်လို.မရ။ စာမေးပွဲနှင့် ခြိမ်းခြောက်လို.မရ။ ဘာနဲ.မှ ခြိမ်းခြောက်လို.မရ။ ကျောင်းတက်ဘို. ဘာနဲ.မှ အမိန်.ပေးလို. မရ။ ပုံမှန်တက်ရောက် အလေ့အကျင့်ကို နှစ်ချီ၍ မွေးမြူရမည် ထင်ပါသည်။ 
ထို.ကြောင့် ဆုပေးစနစ်ကို ကျင့်သုံး၍ ကျောင်းပုံမှန် တက်ရောက်နိုင်ရန် စည်းရုံးရပါသည်။   ရွှေရောင်မျိုးဆက်သစ် လက်ဆောင်ဆုများ ကံစမ်းမဲများဖြင့် စည်းရုံးနေပါသည်။ ယခုဆိုလျှင် မစိုးရိမ် အရှင် ဗုဒ္ဓပီယ၏ အပတ်စဉ် ရွှေရောင်မျိုးဆက်သစ် ကျောင်းသားကျောင်းသူ ဦးရေ တစ်ထောင်ခန်. တက်ရောက်   နေပီ ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူ ဦးရေ မလျော့ရေး ပို၍ တိုးလာရေးတို.ကို ကျိုးစားဆောင်ရွက် လျှက် ရှိပါသည်။
ဆက်လက်၍ ဤတနင်္ဂနွေကျောင်းများကို ကျောင်းသားကျောင်းသူလေးများ အထင်ကြီးအားကိုး၍ တက်ရောက် လာကြစေရန် စိတ်ဝင်စားဖွယ် ဗုဒ္ဓဓမ္မ ပြဌာန်းစာအုပ်များ ရေးသားထုတ်ဝေခြင်း ခေတ်မှီ နည်းပညာများဖြင့် အင်္ဂလိပ်စာ ၊ အင်္ဂလိပ်စကားပြောများကို အဆင့်မီ သင်ကြားပေးခြင်း ကွန်ပျူတာ လုံးရေ များများဖြင့် ကွန်ပျူတာ ပညာကို ထိထိရောက်ရောက် သင်ကြားပေးခြင်း စသော ဆောင်ရွက်ချက်များသာ မက ကလေးများအတွက် လွတ်လပ်ပျော်ရွှင်စရာကောင်းသော သီးသန်. Children Centre များကို ကိုယ်ပိုင်   ဆောက်လုပ်နိုင်ရန်အထိ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ရွှေရောင်မျိုးဆက်သစ်ဆရာတော် 
မစိုးရိမ် - အရှင်ဗုဒ္ဓပီယ
အေးငြိမ်းချမ်းသာ ဓမ္မရိပ်ငြိမ်
အင်းကုန်းစံပြကျေးရွာ ကျောက်ဆည်မြို.နယ်